Saturday, 25 August 2012

ဒုတိယ ပြင်ဦးလွင် အဖြစ်ကျော်ကြားလာဦးမည့် ဓနုမြေ ရွာငံမြို့

ဒုတိယ ပြင်ဦးလွင် အဖြစ်ကျော်ကြားလာဦးမည့် ဓနုမြေ ရွာငံမြို့

ရွာငံမြို့နယ် ကို လူသိနည်းလှပါသည်။ ယခင်က ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင်တွင်ပါဝင်ခဲ့ပါသည်။ အခုတော့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပင်းဒယမြို့နယ် နဲ့အတူ ပါဝင်ခဲ့ပါသည်။ ရွာငံမြို့နယ်မှာ ပျမ်းမျှ ဘေ ၄ဝဝဝ ကျော် ရှမ်းကုန်းပြင်မြင့်မှာ ရှိပြီး သဘာဝ ပတ်ဝန်းကျင်လည်း ကောင်းမွန်နေသေးသည့်အပြင် သစ်တောကြီးများလည်း ရှိနေတုန်းဖြစ်လို့ ရာသီဥတ

ု အလွန်ကောင်းပါသည်။ မပူလွန်း ၊မအေးလွန်း သောကြောင့် နေရထိုင်ရာတာ အလွန် အဆင်ပြေလို့ ရန်ကုန် ၊ မန္တလေးမြို့များမှ သူများသည် နွေရာသီ အနားယူဘို့ လာပြီး မြေဝယ် ၊ အိမ်ကလေးတွေ ဆောက်နေကြရာ တော်တော် များနေပါပြီ ။ မြေ ဈေးနှုန်းမှာလည်း ပြင်ဦးလွင်မြို့လောက် မကြီးသေးပါ။ လူနေ ထူ ထပ်မှုလည်း မရှိသေးပါ။ လျှပ်စစ်မီးမှာလည်း ၂၄ နာရီ ရရှိကာ ၊ ရေလည်း အဆင်ပြေတော့ အနားယူအပမ်းဖြေသူ တွေအတွက် အကြိုက်ဖြစ်နေပါပြီ ။ ကလော – တောင်ကြီး လမ်းပေါ်မှာ လမ်းခွဲမြို့ ဖြစ်သော အောင်ပန်းမြို့ မှ ၄၂ မိုင်သာ ဝေးပြီး လမ်းမလည်း ကတ္တရာလမ်း ဖြစ်ပါသည်။ ရွာငံမြို့ နယ် တစ်ခုလုံးဟာ တောင်ကြီး - အောင်ပန်း - ကျောက်ဆည် – မန္တလေး လမ်းမကြီးပေါ်မှာ ရှိနေပြီး အခု အဲဒီလမ်းမကြီးကို နိုင်ငံတော်မှ ပြည်ထောင်စု လမ်းမကြီး အဖြစ် အဆင့်မြင့် သတ်မှတ်လိုက်တဲ့အပြင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်လို့ ရွာငံမြို့ကနေ မန္တလေး ကို ၃ နာရီ ၊ တောင်ကြီးကို ၃ နာရီ နဲ့ ရောက်နေနိုင်ပြီ ဖြစ်ပါတယ်။
ဆက်သွုယ်ရေးအနေနဲ့လည်း ဃီဗြ ဖုန်းအားလုံး သုံးလို့ ရနေပါတယ်။ မြန်မာတပြည်လုံးကို အချိန်မရွေးဆက်သွယ် သွားလာနိုင်ပြီး ၊ လုံခြုံရေး ကလည်း အေးချမ်းလုံခြုံသော ဒေသဖြစ်ပါတယ်။ ဒီလို ရာသီဥတု ကောင်းမွန်ပြီး အေးချမ်းလှတဲ့ ရှမ်းမောမြေ ၊ ဓနုဒေသ ရွာငံမြို့ကလေးဟာ တစ်စတစ်စ နာမည်ကျော်ကြားလာပြီး ၊ ရန်ကုန် ၊ မန္တလေး မှ ရွှေဧည့်သည်များ ဝင်လာမစဲ ဖြစ်နေတာ ၂ဝ၁၁ ခုက စခဲ့ပါတယ် ။ ရွာငံမြေမှာ မြန်မာအစကလို့ အသိအမှတ်ပြုကြတဲ့ ပြဒါးလင်းဂူ နဲ့ အခြား ရူခင်းတွေကလည်း အများအပြားပါ။ ဒါကြောင့် ဓနုမြေ ရွာငံမြို့ကလေးဟာ ယခုအချိန်ကစပြီး ရွှေဧည့်သည်များ အခြေချနေကြမယ့် ဒုတိယ ပြင်ဦးလွင် ဖြစ်လာမှာ အသေအချာ ပဲ့မို့ ရန်ကုန် ၊ မန္တလေး နဲ့ မြန်မာပြည် အရပ်ရပ်က နွေရာသီ အပူရှောင်ချင်တဲ့ ရွှေဧည့်သည်များ ကို လာရောက်လည်ပတ် အခြေချ နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

စာရေးသူ
ဦးခင်မောင်တင့်
(ဒုညွန်မှူး (အငြိမ်းစား)
ဝ၉၇၃၁၈၅၃၈ဝ

4 comments:

  1. ကိုဖိုးစိုင်းရဲ့fb acc များပြောပြလို့ရမလားမသိဘူးဗျ

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ဗျာ ကျနော်လဲရွာငံသားပါ

    ReplyDelete
  3. aus;Zl;wifygw,faemf usaemfvJ&GmiHom;yg

    ReplyDelete
  4. မင်္ဂလာပါ ကျွန်တော်လည်းရွာငံသားပါ ခင်ဗျ..

    ReplyDelete